International News

Brands & Lifestyle India 2020 ပြပွဲသို့ မြန်မာကိုယ်စားလှယ်များ တက်ရောက်ပါရန် ဖိတ်ကြားလာမှု

Last Updated:

         အိန္ဒိယနိုင်ငံရှိ Federation of Indian Export Organizations (FIEO) သည် Brands & Lifestyle India 2020 ပြပွဲကို ၂၀၂၀ ပြည့်နှစ် မတ်လ ၂၆ ရက်မှ ၂၈ ရက်နေ့အထိ နယူးဒေလီမြို့၌ ကျင်းပမည်ဖြစ်ရာ မြန်မာနိုင်ငံရှိ အစားအစာ၊ ဆေးဝါး၊ အလှကုန်၊ လက်ဝတ်ရတနာ၊ အားကစားပစ္စည်း၊ ကလေးကစားစရာပစ္စည်း၊ စာရေးကိရိယာ၊ ဖက်ရှင်နှင့် အဝတ်အထည်၊ အော်ဂဲနစ်ထုတ်ကုန် စသည်တို့ အပါအဝင် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ကုမ္ပဏီလုပ်ငန်းများမှ အဝယ်တော် ကိုယ်စားလှယ် ၈ ဉီးမှ ၁၀ ဉီးအထိ ပါဝင်တက်ရောက်ရန် အမည်စာရင်းပေးပို့နိုင်ပါကြောင်း၊ ရွေးချယ် ခံရသည့် ပြည်ပအဝယ်တော်ကိုယ်စားလှယ်၏ ချွေတာရေးတန်းဖြင့် အသွား/အပြန် လေယဉ်စရိတ်၊ လေဆိပ်သို့ ကြိုပို့မှုနှင့် ၂ ညတာ တည်းခိုနေထိုင်စရိတ်၊ နေ့လယ်စာနှင့် မိတ်ဆက်ညစာစားပွဲတို့ကို ဆွေးနွေးပွဲကျင်းပသူမှ ကျခံပေးမည်ဖြစ်ကြောင်း၊ ထို့အပြင် အိန္ဒိယ လုပ်ငန်းရှင်များနှင့် တစ်ဉီးချင်း တွေ့ဆုံဆွေးနွေးမှုကို ကြိုတင်စီစဉ်ပေးမည်ဖြစ်ကြောင်း၊ အဆိုပြု ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံကူးလက်မှတ် မိတ္တူနှင့်အတူ သတ်မှတ်ပုံစံအား ဖြည့်စွက်ပေးပို့၍ဖြစ်စေ၊ https://www.brands-lifestyle.com/buyers.php အင်တာနက် စာမျက်နှာမှ ဖြစ်စေ (၁၀-၂-၂၀၂၀) နေ့ နောက်ဆုံးထား၍ မှတ်ပုံတင်စာရင်း ပေးသွင်းနိုင်ကြောင်း ဖော်ပြလျက် FIOE မှ မြန်မာသံရုံးသို့ ဖိတ်ကြားလာပါသည်။

         

       (မြန်မာစီးပွားရေးသံမှူး၊ အိန္ဒိယနိုင်ငံ)

Category: International News